ကိုယ်တိုင် အရေးပေါ် အသက်ကယ်ရတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမလဲ

ကိုယ်တိုင် အရေးပေါ် အသက်ကယ်ရတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမလဲ

အှ်ဆံင်းလာဆါ် (မဂ်လာပါ) ခင်ဗျ

ယနေ့မှာတော့ အများပြည်သူများအတွက် ရှေးဦးသူနာပြု အကြောင်းကို ထပ်မံ မျှဝေလိုက်ပါသည် ခင်ဗျ

🌟 ကိုယ်တိုင် အရေးပေါ် အသက်ကယ်ရတဲ့အခါ 🌟
နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း မထင်မှတ်ထားတဲ့ အရေးပေါ်အခြေအနေတွေနဲ့ ကြုံရတဲ့အခါ ဘယ်လို တုန့်ပြန်ကြမလဲ?⁉
ကိုယ့်မျက်စိရှေ့မှာ အရေးပေါ်ကယ်တင်စရာ တစ်ခုခုဖြစ်လာပြီဆိုရင် တတ်နိုင်သမျှ ကူညီဖို့အတွက် ဒီအချက်လေးတွေသိထားဖို့လိုအပ်ပါတယ်။ ✅
ကိုယ်တိုင် အရေးပေါ် အသက်ကယ်ဖို့လိုလာပြီဆို…🚨
✅ ပထမဆုံးအနေနဲ့ စိတ်တည်ငြိမ်အောင် အသက်ဝဝရှုပြီး အခြေအနေကို သေချာသုံးသပ်ပါ။
✅ လူနာက အခြေအနေပြင်းထန်တယ်ဆိုရင် အရေးပေါ်လူနာတင်ယာဉ်🚑ရနိုင်တဲ့နေရာကို အမြန်ဆုံးဖုန်းဆက်ပါ။
✅ လူနာကို ငြင်ငြင်သာသာ ပုတ်နှိုးပြီး အဆင်ပြေ မပြေ မေးမြန်းပါ။ မတုန့်ပြန်ဘူးဆိုရင်တော့ အသက်ရှူမရှူ စစ်ဆေးကြည့်ပါ။
စစ်ဆေးတဲ့အခါ ABC လို့ခေါ်တဲ့ Airway, Breathing, Circulation အခြေအနေတွေကိုကို သေချာစစ်ဆေးပါ။

  • Airway အသက်ရှူလမ်းကြောင်းမှာ တစ်ခုခု ပိတ်ဆို့နေလား စစ်ဆေးပါ။
  • အသက်ရှူမရှူကို ဝမ်းဗိုက်ကိုကြည့်တာ၊ နှာခေါင်းလေဝင်လေထွက်ကို စမ်းကြည့်တာစတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးပါ။
  • သွေးခုန်နှုန်းရှိသေးရဲ့လား သွေးကြောတွေကို စမ်းသပ်စစ်ဆေးကြည့်ပါ။
    ✅ လူနာက သွေးအရမ်းထွက်နေရင်တော့ သွေးထွက်မလွန်အောင် ဒဏ်ရာကို ပတ်တီးသို့မဟုတ် အဝတ်သန့်သန့်တစ်ခုခုနဲ့ တင်းတင်းဖိပိထားပေးဖို့လိုပါတယ်။ သွေးထွက်တာ နှေးသွားအောင်လည်း ဒဏ်ရာရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အပေါ်ကို မြှောက်လျက် အနေအထား ထားပေးနိုင်ရင် ပိုကောင်းပါတယ်။
    ✅ အပူလောင်တာ၊ ရေနွေးပူလောင်တာစတဲ့အခြေအနေတွေမှာတော့ လောင်ကျွမ်းသွားတဲ့နေရာကို ရေနဲ့ ၁၀ မိနစ်လောက် အဆက်မပြတ်လောင်းပေးနေဖို့လိုပါတယ်။ ရေခဲနဲ့ လိမ်းဆေးတွေကို နားလည်တတ်ကျွမ်းသူနဲ့ မတိုင်ပင်ဘဲ လုံးဝအသုံးမပြုသင့်ပါဘူး။
    ✅ အသက်ရှုလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခုဆို့နင့်တာမျိုးဆိုရင်တော့ လူနာကို ချောင်းကို ညှစ်ဆိုးဖို့ တိုက်တွန်းပါ။ အဆင်မပြေဘူးဆိုရင်တော့ Heimlich Maneuver လိုခေါ်တဲ့ ဆို့နင့်မှုကို အရေးပေါ် ကုသတဲ့ အသက်ကယ်နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
  • ဒီနည်းလမ်းကတော့ လူနာရဲ့ နောက်ကနေပြီး ချက်အပေါ် နံရိုးအောက်နားကနေ တင်းတင်းသိုင်းဖက်ပြီး အတွင်းကို ညှစ်ကာ အပေါ်ဘက်ကို ပင့်တင်ပေးတဲ့ နည်းလမ်းဖြစ်ပြီး ငါးကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။
    ✅ တကယ်လို့ လူနာက သတိလစ်နေပေမယ့် အသက်ရှူနေသေးတယ်ဆိုရင် အသက်ရှူလမ်းကြောင်းမပိတ်သွားစေဖို့ လူနာကို ဘေးတစောင်းအနေအထားဖြစ်အောင်ထားပေးသင့်ပါတယ်။
    ✅ ထိခိုက်ဒဏ်ရာအသေးတွေအတွက်ဆိုရင်တော့ ရေနဲ့ ဆပ်ပြာအပျော့စားတို့နဲ့ စင်ကြယ်အောင်သန့်စင်ပြီး ထိခိုက်ဒဏ်ရာတဝိုက်ကို ပိုးမဝင်အောင် ပလာစတာနဲ့ ကပ်ပေးထားလို့ရပါတယ်။
    ⚠️ အထူးသတိပြုရမှာတော့ ဒီနည်းလမ်းတွေဟာ ဆေးဝါးကုသမှု ရရှိဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေမှာသာ ယာယီအသုံးဝင်ပြီး လမ်းညွှန်ပေးမယ့် ဆရာဝန်၊ သူနာပြုတွေနဲ့ ဆက်သွယ်လို့ရနိုင်မယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းသူတွေရဲ့ အခြေအနေအလိုက်ညွှန်ကြားချက်တွေကိုပဲ လိုက်နာလုပ်ဆောင်သင့်ပါတယ်။
    ရှေးဦးသူနာပြုနည်းလမ်းတွေဆိုတာ လူတိုင်းသိရှိထားသင့်ပြီး အရေးကြုံလာတိုင်းမှာ လိုအပ်တဲ့ ကူညီမှုပေးနိုင်မယ်ဆိုရင် ချစ်ခင်ရသူတွေကို မမျှော်လင့်ဘဲ ဆုံးရှုံးရတာမျိုးတွေ နည်းပါးသွားမှာပါ။⚕

“ Mittamon Hospital 🏥…. သင်တို့ ကျန်းမာနေသမျှ ဘဝ တွင် အရာရာ မျှော်လင့် ချက်ရှိသည် ….”

အမှတ် (၅၃-A)၊ပြည်သာယာလမ်း ၊ အမှတ် (၄)ရပ်ကွက်၊မြဝတီမြို့။
(တောရကျောင်းအနောက်)၊ဟိန္ဒူဘုရားကျောင်းအရှေ့။
ဖုန်း ✆ 👉 09 651155515,09 799232199
𝑾𝒉𝒂𝒕𝒔𝑨pp 09 651 155515 See less